Monday, October 20, 2008

အခွင့်ရှိမယ်ဆို၇င်

ယုံကြည်မယ်ဆိုရင်
ကိုယ်ပြောပြချင်ပါတယ်
မင်းကိုချစ်တဲ့အကြောင်းတွေလေ

ဆုံကြဦးမယ်ဆိုရင်
ကိုမြင်ခွင့်ရချင်ပါတယ်
မင်းရဲ့ ရင်ခုန်ဖွယ် မျက်နှာလေးကိုလေ

ဖုန်းဆက်ဦးမယ်ဆိုရင်
ကိုယ်ကြားချင်ပါတယ်
မင်းရဲ့ချစ်စကားတွေကိုလေ

ဒါပေမဲ့ ချစ်သူရယ်
မရနိုင်တာကိုမှလိုချင်
မဖြစ်နိုင်တာကိုမှ တမ်းတ
ရင်ခွဲပြီးသာ ပြလိုက်ချင်ရဲ့
မင်းကိုလွမ်းတဲ့ အကြောင်းတွေလေ


သူငယ်ချင်း
ဒီနေ့ဘာလိုမလာတာလဲ
သူငယ်ချင်းကိုကဗျာတစ်ပုဒ်ပို့ပေးတယ်နော်
ဝတ်ရည်

No comments: