Monday, October 6, 2008

မိန်ကလေးများအတွက် ဥပဒေ


ယခုခေတ်အခါသည် ယောက်ျားလေးများရှားပါး၍ မိန်းကလေးများရင်ထု၍ လင်လုသည့်ခေတ်ဖြစ်သည့်
ထို့ကြောင့်ထိုမိန်းကလေးများအတွက်ဤဥပဒေကိုထုတ်ပြန်ခြင်းဖြစ်သည်

(၁) ရည်းစားနှစ်ယောက်ထားသောမိန်းကလေးများအား
အချစ်ဥပဒေပိုင်ပုဒ်မများအလွဲသုံးစားလုပ်မှု့ဖြင့် ထိထိ
ရောက်ရောက်အရေးယူမည်။

(၂) ရည်းစားများများထားသောကောင်လေးများအား လိုအပ်သည့် အကူအညီကို အချစ်ဥပဒေမှပေးမည်။

(၃)ကောင်လေးအား ချစ်လည်းမချစ် သူငယ်ချင်းဟုပြောပြီး အီစီကလီလုပ်နေသော
မိန်းကလေးများအား
ထိုကောင်လေး၏ ထာဝရချစ်သူအဖြစ်သတ်မှတ်မည်။

(၄) ခင်မင်မှုသတ်မှတ်ချိန်(၃)ရက်ထက်ကျော်လွန်လျှင်
ကောင်လေးခေါ်ရာသို့မငြင်းဆန်ဘဲလိုက်ပါရမည်။

(၅) ခင်မင်မှုသတ်မှတ်ချိန်(၇)ရက်အထက် ကျော်လွန်ပါက ရည်းစားစကားပြောခွင့်ရှိသည်။

(၆) ကောင်လေးအား ကောင်မလေးက စိတ်ကောက်ခွင့်မရှိ။ကောင်လေးအား စိတ်ကောက်သည်ဟု ပြော
လျှင် ချစ်သူအဖြစ်သတ်မှတ်မည်။

(၇) ကောင်မလေးအား ကောင်းလေး လာတွေ့လျှင်
ချက်ချင်းထွက်တွေ့ရမည်၊ကောင်လေးလာတွေ့ချိန်မှစ
၍ အဆောင်ပိတ်ချိန်အထိ ကောင်မလေးသည် ကောင်လေးနှင့်အတူရှိရမည်။

(၈) ကောင်မလေးသည် သက်ဆိုင်ရာကောင်လေးမှလွဲ၍ တခြားကောင်များနှင့်အတူ
သွားလာခွင့်မရှိ။
မှတ်ချက်။ ။ အထက်ပါအချက်များအား မလိုက်နာလျှင် ဖြစ်စေ၊ ပျက်ကွက်ခဲ့လျှင် ဖြစ်စေ
ပျက်ကွက်သူအား ဥပဒေအရ ဒဏ်ကြေးအဖြစ် "အနမ်း" ပေးဆောင်ရမည်။

No comments: