ငါဟာ နင့်ကို မမြင်ရခင်နေပါ
နာမည်လေးကြားရုံနှင့်
ရင်ခုန်နေမိသူပါ
တစ်နေ့တစ်ခါ မတွေ့ရချင်နေပါ
နင်နဲ့ အနီးဆုံးမှာ နေရုံနှင့်
ကျေနပ်နေမိသူပါ
နင်ကိုမြင်ရုံခဏ
ပတ်ဝန်းကျင်ဆိုတာမေ့လျော့
ပြောဖို့စကားဆိုတာ ဆွံ့အသွားခဲ့သူပါ
နင်ပြောလာတဲ့စကား
ငါဟာ အယောင်ယောင်အမှားမှား နှင့်
ပြန်ပြောဖို့ဆိုတာအားမွေး
အဲဒီလောက်ထိ ရင်ခုန်ခဲ့သူပါ
နင် မချစ်မှန်းသိလျှက်နှင့်
စွဲလမ်းနေမိသူပါ
လိမ်ညာနေအမှန်းသိလျှက်နှင့်
ယုံကြည်နေမိသူပါ
မဖြစ်နိုင်မှန်းသိလျှက်နှင့်
ခွင့်လွှတ်နေမိသူပါ
နင်ပြောသမျှလက်ခံ
မျက်ရည်တွေနှင့် ဖြေသိမ့်နေရသူပါ
ဝဋ်ကြွေးလိုပဲဆိုဆို
ငါချစ်နေရရုံနှင့် ပြည့်စုံနေသူပါ
အရာရာမပြည့်ဆုံခဲ့တဲ့ဘ၀မှာ
မင်းရဲ့ ဟန်ဆောင်ချစ်ခြင်းတွေနဲ့လည်း
ငါအမြဲကျေနပ်နေမှာပါ။ ။
ရေးသူ.....၀တ်ရည်မွန်
Monday, October 20, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment