Monday, October 20, 2008

အခွင့်ရှိမယ်ဆို၇င်

ယုံကြည်မယ်ဆိုရင်
ကိုယ်ပြောပြချင်ပါတယ်
မင်းကိုချစ်တဲ့အကြောင်းတွေလေ

ဆုံကြဦးမယ်ဆိုရင်
ကိုမြင်ခွင့်ရချင်ပါတယ်
မင်းရဲ့ ရင်ခုန်ဖွယ် မျက်နှာလေးကိုလေ

ဖုန်းဆက်ဦးမယ်ဆိုရင်
ကိုယ်ကြားချင်ပါတယ်
မင်းရဲ့ချစ်စကားတွေကိုလေ

ဒါပေမဲ့ ချစ်သူရယ်
မရနိုင်တာကိုမှလိုချင်
မဖြစ်နိုင်တာကိုမှ တမ်းတ
ရင်ခွဲပြီးသာ ပြလိုက်ချင်ရဲ့
မင်းကိုလွမ်းတဲ့ အကြောင်းတွေလေ


သူငယ်ချင်း
ဒီနေ့ဘာလိုမလာတာလဲ
သူငယ်ချင်းကိုကဗျာတစ်ပုဒ်ပို့ပေးတယ်နော်
ဝတ်ရည်

ဝဋ်ကြွေး

ငါဟာ နင့်ကို မမြင်ရခင်နေပါ
နာမည်လေးကြားရုံနှင့်
ရင်ခုန်နေမိသူပါ
တစ်နေ့တစ်ခါ မတွေ့ရချင်နေပါ
နင်နဲ့ အနီးဆုံးမှာ နေရုံနှင့်
ကျေနပ်နေမိသူပါ
နင်ကိုမြင်ရုံခဏ
ပတ်ဝန်းကျင်ဆိုတာမေ့လျော့
ပြောဖို့စကားဆိုတာ ဆွံ့အသွားခဲ့သူပါ
နင်ပြောလာတဲ့စကား
ငါဟာ အယောင်ယောင်အမှားမှား နှင့်
ပြန်ပြောဖို့ဆိုတာအားမွေး
အဲဒီလောက်ထိ ရင်ခုန်ခဲ့သူပါ
နင် မချစ်မှန်းသိလျှက်နှင့်
စွဲလမ်းနေမိသူပါ
လိမ်ညာနေအမှန်းသိလျှက်နှင့်
ယုံကြည်နေမိသူပါ
မဖြစ်နိုင်မှန်းသိလျှက်နှင့်
ခွင့်လွှတ်နေမိသူပါ
နင်ပြောသမျှလက်ခံ
မျက်ရည်တွေနှင့် ဖြေသိမ့်နေရသူပါ
ဝဋ်ကြွေးလိုပဲဆိုဆို
ငါချစ်နေရရုံနှင့် ပြည့်စုံနေသူပါ
အရာရာမပြည့်ဆုံခဲ့တဲ့ဘ၀မှာ
မင်းရဲ့ ဟန်ဆောင်ချစ်ခြင်းတွေနဲ့လည်း
ငါအမြဲကျေနပ်နေမှာပါ။ ။
ရေးသူ.....၀တ်ရည်မွန်

Monday, October 6, 2008

မိန်ကလေးများအတွက် ဥပဒေ


ယခုခေတ်အခါသည် ယောက်ျားလေးများရှားပါး၍ မိန်းကလေးများရင်ထု၍ လင်လုသည့်ခေတ်ဖြစ်သည့်
ထို့ကြောင့်ထိုမိန်းကလေးများအတွက်ဤဥပဒေကိုထုတ်ပြန်ခြင်းဖြစ်သည်

(၁) ရည်းစားနှစ်ယောက်ထားသောမိန်းကလေးများအား
အချစ်ဥပဒေပိုင်ပုဒ်မများအလွဲသုံးစားလုပ်မှု့ဖြင့် ထိထိ
ရောက်ရောက်အရေးယူမည်။

(၂) ရည်းစားများများထားသောကောင်လေးများအား လိုအပ်သည့် အကူအညီကို အချစ်ဥပဒေမှပေးမည်။

(၃)ကောင်လေးအား ချစ်လည်းမချစ် သူငယ်ချင်းဟုပြောပြီး အီစီကလီလုပ်နေသော
မိန်းကလေးများအား
ထိုကောင်လေး၏ ထာဝရချစ်သူအဖြစ်သတ်မှတ်မည်။

(၄) ခင်မင်မှုသတ်မှတ်ချိန်(၃)ရက်ထက်ကျော်လွန်လျှင်
ကောင်လေးခေါ်ရာသို့မငြင်းဆန်ဘဲလိုက်ပါရမည်။

(၅) ခင်မင်မှုသတ်မှတ်ချိန်(၇)ရက်အထက် ကျော်လွန်ပါက ရည်းစားစကားပြောခွင့်ရှိသည်။

(၆) ကောင်လေးအား ကောင်မလေးက စိတ်ကောက်ခွင့်မရှိ။ကောင်လေးအား စိတ်ကောက်သည်ဟု ပြော
လျှင် ချစ်သူအဖြစ်သတ်မှတ်မည်။

(၇) ကောင်မလေးအား ကောင်းလေး လာတွေ့လျှင်
ချက်ချင်းထွက်တွေ့ရမည်၊ကောင်လေးလာတွေ့ချိန်မှစ
၍ အဆောင်ပိတ်ချိန်အထိ ကောင်မလေးသည် ကောင်လေးနှင့်အတူရှိရမည်။

(၈) ကောင်မလေးသည် သက်ဆိုင်ရာကောင်လေးမှလွဲ၍ တခြားကောင်များနှင့်အတူ
သွားလာခွင့်မရှိ။
မှတ်ချက်။ ။ အထက်ပါအချက်များအား မလိုက်နာလျှင် ဖြစ်စေ၊ ပျက်ကွက်ခဲ့လျှင် ဖြစ်စေ
ပျက်ကွက်သူအား ဥပဒေအရ ဒဏ်ကြေးအဖြစ် "အနမ်း" ပေးဆောင်ရမည်။

Friday, October 3, 2008

ငါ.ရဲ.ခံယူချက်

လောကဓံတရားရဲ့ ရိုက်ပုတ်ချက်ကြောင့်
သင်ဧ။် ဦးခေါင်းသည်သွေးချင်းချင်းနီဧ။်
သို့သော် ဦးခေါင်းမညွှန့် .........။ ။

အချစ်ဦး (first love)

အချစ်ဆိုတာ
ဓါးသွားပေါ်ကပျားရည်စက်တဲ. ....တောက်
ဘယ်သူတွေက
ပျားရည်တွေအကုန်လျက်သွားပါလိမ်.
ငါ.အလှည့်ကျတော. ဓါးသွားမြေ့မြေ့ပဲကျန်ခဲ.တယ်။ ။